ဦးနှောက်ခွဲစိတ်မှု နှင့် နှလုံးသွေးကြောခွဲစိတ်ကုသမှုအထိ… အသက် ၇၇ နှစ်အရွယ် အဖွား၏ အောင်မြင်သောကုသမှုခရီး

ဦးနှောက်ခွဲစိတ်မှု နှင့် နှလုံးသွေးကြောခွဲစိတ်ကုသမှုအထိ… အသက် ၇၇ နှစ်အရွယ် အဖွား၏ အောင်မြင်သောကုသမှုခရီး

🍀 အသက် ၇၇ နှစ်အရွယ် အဖွားတစ်ယောက်…

ခေါင်းမူးဝေဒနာကြောင့် MRI စစ်ဆေးခဲ့ရာမှ ဦးနှောက်အောက်ပိုင်း 𝐬𝐮𝐩𝐫𝐚𝐬𝐞𝐥𝐥𝐚𝐫 𝐫𝐞𝐠𝐢𝐨𝐧 တွင် 

၁ စင်တီမီတာကျော်အရွယ် အလုံးတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါအလုံးဟာ မျက်စိအာရုံကြောဆုံရာ 𝐨𝐩𝐭𝐢𝐜 𝐜𝐡𝐢𝐚𝐬𝐦 ကိုပါ အနည်းငယ်ဖိထားတဲ့အတွက် ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့ပါတယ်။

🍀 𝐌𝐚𝐫𝐜𝐡 𝟐𝟕 ရက်နေ့တွင် 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ဦးနှောက်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐓𝐡𝐞𝐞𝐫𝐚𝐜𝐡𝐚𝐢 နဲ့ 𝐄𝐧𝐝𝐨𝐭𝐫𝐚𝐧𝐬𝐩𝐡𝐞𝐧𝐨𝐢𝐝 𝐒𝐮𝐫𝐠𝐞𝐫𝐲 (နှာခေါင်းမှတဆင့် scope အသုံးပြုခွဲစိတ်ခြင်း) ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

✨ ပိုပြီးဝမ်းသာစရာကတော့…

အသားစစစ်ဆေးချက်အရ အဆိုပါအလုံးဟာ ရိုးရိုးဦးနှောက်ရေအိတ်သာဖြစ်ပြီး ကင်ဆာမဟုတ်ကြောင်း သိရှိခဲ့ရတာပါရှင့်။

♦️ ထို့အပြင် ခွဲစိတ်မတိုင်မီ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရာတွင် အဖွားမှာ နှလုံးသွေးကြောကျဉ်းနေခြင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

🍀 ဒါကြောင့် 𝐌𝐚𝐲 𝟗 ရက်နေ့တွင် 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ နှလုံးအထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐒𝐮𝐜𝐡𝐚𝐢 နှင့် 𝐏𝐂𝐈 𝐭𝐨 𝐋𝐀𝐃 (𝐋𝐞𝐟𝐭 𝐀𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐜𝐞𝐧𝐝𝐢𝐧𝐠 𝐀𝐫𝐭𝐞𝐫𝐲တွင် ပိတ်နေသောနေရာအား stent ထည့်ကုသခြင်း) ကိုလည်း အောင်မြင်စွာ ကုသမှုခံယူနိုင်ခဲ့ပါတယ်။

🍀 ဦးနှောက်ခွဲစိတ်မှုကြီးတစ်ခုနဲ့ နှလုံးသွေးကြောကုသမှုကြီးတစ်ခုကို ယုံယုံကြည်ကြည်ဖြင့် 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တွင် အောင်မြင်စွာကုသမှုခံယူနိုင်ခဲ့တဲ့ အဖွားကို ကျွန်မတို့ 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐎𝐟𝐟𝐢𝐜𝐞 (𝐏𝐚𝐧 𝐀𝐬𝐢𝐚 𝐌𝐞𝐝𝐢𝐜𝐚𝐥) မိသားစုမှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူရပါတယ်ရှင့်။

💚 အခုလို ကျန်းကျန်းမာမာနဲ့ ဆေးရုံဆင်းသွားတဲ့ အဖွားရဲ့အပြုံးလေးကတော့ ကျွန်မတို့အတွက် အကြီးမားဆုံး ပီတိပါပဲရှင့်🥰