နှလုံးသွေးကြောခွဲစိတ်ကုသမှုနှင့်ဒူးနှစ်ဖက်အစားထိုးခွဲစိတ်မှုအထိ… ကျန်းမာရေးခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းခဲ့တဲ့ အန်ကယ်

နှလုံးသွေးကြောခွဲစိတ်ကုသမှုနှင့်ဒူးနှစ်ဖက်အစားထိုးခွဲစိတ်မှုအထိ… ကျန်းမာရေးခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းခဲ့တဲ့ အန်ကယ်

🍀 Phyathai 3 Hospital တွင် ဒူးခေါင်းနှစ်ဖက်အစားထိုးခွဲစိတ်မှု (Bilateral TKA) ပြုလုပ်ခဲ့သော အန်ကယ်ကို သွားရောက်တွေ့ဆုံပြီး အားပေးနှုတ်ဆက်ခွင့်ရခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်စွာပြီးမြောက်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာနေတဲ့ အခြေအနေကိုတွေ့မြင်ရတာ တကယ်ကို ဝမ်းသာပီတိဖြစ်စရာပါ။

🍀 အန်ကယ်က မနှစ်ကတည်းက ဒူးခေါင်းခွဲစိတ်ရန် စီစဉ်ထားခဲ့ပေမယ့် အရေးပေါ် နှလုံးသွေးကြော stent ထည့်ရန်လိုအပ်သည့်အခြေအနေကြောင့် CAG & PCI ကုသမှုကို Phyathai 3 Hospital တွင် အောင်မြင်စွာ ခံယူခဲ့ပါတယ်။ အခက်အခဲတွေကြားထဲကနေ ကျန်းမာရေးကို အဆင့်လိုက် ပြန်လည်တည်ဆောက်လာခဲ့တာကို မြင်ရတာ အားရစရာပါ။

🍀 ဒီနှစ်မှာတော့ အန်ကယ်ရဲ့ ရည်မှန်းထားတဲ့ ဒူးခေါင်းအစားထိုးခွဲစိတ်မှုကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ် ကျန်းမာစွာ လှုပ်ရှားနိုင်မယ့်နေ့တွေကို စတင်နိုင်ပြီဖြစ်ပါတယ်။ 

🧑‍⚕️ ကျွန်မတို့ Phyathai 3 ဆေးရုံမှ လူနာတစ်ဦးချင်းစီရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး အကောင်းဆုံးကုသမှုများကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။