ပိတ်ဆို့နေသော နှလုံးသွေးကြောကို PCI နည်းပညာဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့သော အသက် ၆၇ နှစ်အရွယ်လူနာ၏ ကုသအောင်မြင်မှုခရီး

ပိတ်ဆို့နေသော နှလုံးသွေးကြောကို PCI နည်းပညာဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့သော အသက် ၆၇ နှစ်အရွယ်လူနာ၏ ကုသအောင်မြင်မှုခရီး

🙏 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 Hospital မှာ နှလုံးသွေးကြောကျဉ်းရောဂါကို အောင်မြင်စွာကုသမှုခံယူနိုင်ခဲ့တဲ့ လူနာတစ်ယောက်ရဲ့အကြောင်းကို ဝမ်းမြောက်စွာနဲ့‌ဖော်ပြလိုက်ပါတယ်ရှင့် 🙏🏻

📎လူနာက အသက် ၆၇ နှစ်အရွယ်ဖြစ်ပြီး နှစ်ရှည်လများ သွေးတိုးနဲ့ဆီးချို‌ရောဂါအခံရှိသူဖြစ်ပါတယ်။ 

📎မြန်မာပြည်မှာ ကျန်းမာရေးစစ်ဆေးမှု (𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩) လုပ်ရင်းနဲ့ နှလုံးသွေးကြောထဲမှာ ကယ်လ်ဆီယမ်ဓာတ်တွေပုံနေတာကို သိရှိခဲ့ပါတယ်။ 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐒𝐜𝐨𝐫𝐞 မြင့်တက်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနေနိုင်တဲ့ ရာခိုင်နှုန်းများတဲ့အတွက် 𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦 (𝐂𝐀𝐆) လို့ခေါ်တဲ့ နှလုံးသွေးကြောဓာတ်မှန်ရိုက်ခဲ့ပါတယ်။ 

📎𝐂𝐀𝐆 ရိုက်လိုက်တဲ့အခါမှာတော့ နှလုံးသွေးကြောတစ်ချောင်းဟာ ကျဉ်းရုံတင်မက ပိတ်ဆို့နေပြီဖြစ်ကြောင်းအဖြေထွက်လာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် 𝐂𝐀𝐆 ရိုက်ရင်းနဲ့ပဲ 𝐒𝐭𝐞𝐧𝐭 လို့ခေါ်တဲ့ သွေးကြောချဲ့ကိရိယာကိုထည့်သွင်းပြီး ကျဉ်းနေတဲ့သွေးကြောကိုချဲ့လို့ရပါတယ်။ ဒါပေမဲ့ လူနာရဲ့နှလုံးသွေးကြောက ကျဉ်းရုံမဟုတ်ဘဲ ပိတ်ဆို့နေတာဖြစ်တာကြောင့် 𝐒𝐭𝐞𝐧𝐭 ထည့်လို့မရကြောင်း ဆရာဝန်ကရှင်းပြခဲ့ပါတယ်။ 

🤝ဒါကြောင့် လူနာက ကျွန်မတို့ Phyathai 3 Hospital Myanmar (𝐏𝐚𝐧 𝐀𝐬𝐢𝐚 𝐌𝐞𝐝𝐢𝐜𝐚𝐥) ကိုဆက်သွယ်ခဲ့ပြီး 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 Hospital မှ နှလုံးအထူးကုဆရာဝန်ကြီး 𝐃𝐫.𝐒𝐮𝐰𝐚𝐭 ထံမှာ ကုသမှုခံယူရန် စီစဉ်ခဲ့ပါတယ်။ ဆရာဝန်ကြီးနှင့်ကြိုတင်ဆွေးနွေးပြီး 𝐚𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူခြင်း၊ ခရီးစဉ်တစ်လျှောက်အကြိုအပို့ပြုလုပ်ခြင်းစသဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်🙏

✅𝐃𝐫.𝐒𝐮𝐰𝐚𝐭 ရဲ့ကျွမ်းကျင်စွာကုသနိုင်မှုကြောင့် ပိတ်ဆို့နေတဲ့နှလုံးသွေးကြောကို အောင်မြင်စွာ 𝐬𝐭𝐞𝐧𝐭ထည့်သွင်းပြီးချဲ့နိုင်ခဲ့ပါတယ်။ နှလုံးသွေးကြောချဲ့နေစဉ်အချိန်အတွင်းနဲ့ ချဲ့ပြီးပြီးချင်းအချိန်တွေမှာလည်း နောက်ဆက်တွဲပြသနာအလျင်းမရှိဘဲ အဆင်ပြေခဲ့ပါတယ်☑️☑️

✅ဆေးရုံတက်နေစဉ်အတွင်း လိုအပ်တဲ့ သွေးလည်ပတ်မှုလေ့ကျင့်ခန်းတွေကိုလည်း လေ့ကျင့်ပေးခဲ့ပါတယ်။

ဆေးရုံမှာ ၂ ညကြာတက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာတော့ ကျန်းမာစွာဆေးရုံဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ် 💁

📎မူလဆေးရုံမှာပြသခဲ့စဉ်က နှလုံးသွေးကြောချဲ့၍မရနိုင်ပါလို့ သိခဲ့ရပေမဲ့ ယခု 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 Hospital မှာ နှလုံးသွေးကြောချဲ့ကုသမှုကိုအောင်မြင်စွာကုသနိုင်တာကြောင့် ကျွန်မတို့ 𝐏𝐚𝐧 𝐀𝐬𝐢𝐚 𝐌𝐞𝐝𝐢𝐜𝐚𝐥 မှ ဝမ်းမြောက်မိပါတယ်။ လူနာအနေနဲ့ ယခုလို 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 ဆေးရုံမှာကုသရန်ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ရှင့်🙏

💁နှလုံးသွေးကြောကျဉ်းရောဂါကို ကုသတဲ့အခါမှာ 𝐏𝐂𝐈 နည်းပညာနဲ့ နှလုံးသွေးကြောချဲ့ကိရိယာ (𝐒𝐭𝐞𝐧𝐭) အသုံးပြုပြီးသွေးကြောချဲ့ကုသပါတယ်။ 𝐒𝐭𝐞𝐧𝐭 ကိုအသုံးပြုပြီး ကျဉ်းနေတဲ့သွေးကြောကိုချဲ့လိုက်ခြင်းအားဖြင့် နှလုံးသွေးစီးဆင်းမှုကို ပုံမှန်သို့ပြန်လည်ရရှိစေပါတယ်။