လမ်းမလျှောက်နိုင်အောင် ပြင်းထန်ခဲ့တဲ့ ခါးနာဝေဒနာမှ… Sublaminoplasty ခွဲစိတ်ကုသမှုဖြင့် ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် အန်ကယ်ကြီး

လမ်းမလျှောက်နိုင်အောင် ပြင်းထန်ခဲ့တဲ့ ခါးနာဝေဒနာမှ… Sublaminoplasty ခွဲစိတ်ကုသမှုဖြင့် ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် အန်ကယ်ကြီး

🍀ခါးနာဝေဒနာကြောင့် လမ်းမလျှောက်နိုင်အောင်ဖြစ်ခဲ့တဲ့ အန်ကယ်က 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 3 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ ဆွေးနွေးတိုင်ပင်ပြီး ယုံကြည်စိတ်ချစွာနဲ့ ခါးရိုးခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။

💁ခွဲစိတ်မှုမပြုလုပ်ခင် အန်ကယ်ကြီးခံစားခဲ့ရတဲ့ ရောဂါလက္ခဏာများနှင့် အန်ကယ်ကြီးခွဲစိတ်ခဲ့တဲ့ ခွဲစိတ်မှုအမျိုးအစားကို အကျဉ်းချုပ်လေးရှင်းပြပေးချင်ပါတယ်ရှင့်။

♦️အသက်၇၉နှစ်အရွယ် အန်ကယ်ကြီးသည် ခါးနာဝေဒနာကို အပြင်းအထန်ခံစားလာရပါတယ်။ ခါးနာခြင်းနှင့်အတူ ခြေထောက်နှစ်ဖက်လုံး ထုံကျင်တဲ့ဝေဒနာကိုပါခံစားလာရပါတယ်။ ဆိုးရွားတဲ့ခါးနာဝေဒနာကြောင့် အန်ကယ်ဟာ လမ်းလည်းမလျှောက်နိုင်၊ မတ်တပ်လည်းမရပ်နိုင်တော့ပါ။

♦️ဒီလိုထုံကျင်တာ၊ လမ်းမလျှောက်နိုင်တာဖြစ်လာပြီဆိုတာ ခါးရိုးဆစ်ကျွံလို့ (သို့) ကျဉ်းနေလို့အာရုံကြောဖိမိတဲ့လက္ခဏာတွေဖြစ်ပါတယ်။

💁ဒါကြောင့် ဘန်ကောက်သို့သွားရောက်၍ခွဲစိတ်ကုသမှုခံယူရန် ကျွန်မတို့ 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 3 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ထိုင်းနိုင်ငံ၏ နာမည်ကြီးခါးရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး 𝐃𝐫 𝐓𝐡𝐞𝐞𝐫𝐚𝐜𝐡𝐚𝐢 နှင့် ခွဲစိတ်ကုသရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။

💁အန်ကယ်ခွဲစိတ်ခဲ့တဲ့ ခွဲစိတ်နည်းကတော့

♦️𝐒𝐮𝐛𝐥𝐚𝐦𝐢𝐧𝐨𝐩𝐥𝐚𝐬𝐭𝐲 𝐋3-4 𝐚𝐧𝐝 𝐋4-5 ခါးရိုးဆစ်နှစ်ဆစ်ကိုခွဲစိတ်ရတာဖြစ်ပါတယ်။

♦️𝐒𝐮𝐛𝐥𝐚𝐦𝐢𝐧𝐨𝐩𝐥𝐚𝐬𝐭𝐲 ဆိုတာကတော့ Spine (ကျောရိုး) ထဲမှာရှိတဲ့ lamina (ကျောရိုးအနောက်ဘက်အရိုးဖုံး) ကိုအပြည့်မဖြုတ်ဘဲ တစ်ဖက်မှတစ်ဖက်ကို လမ်းဖွင့်ပေးပြီး ချဲ့ထွင်ခြင်း surgery ဖြစ်ပါတယ်

👉 အဓိကရည်ရွယ်ချက်က nerve (အာရုံကြော) ဖိမိနေတဲ့နေရာကို ဖြေရှင်းပေးတာဖြစ်ပါတယ်။

💁ဒီsurgery ကို ဘာကြောင့်လုပ်တာလဲ

အများအားဖြင့်

🔸𝐋𝐮𝐦𝐛𝐚𝐫 𝐬𝐩𝐢𝐧𝐚𝐥 𝐬𝐭𝐞𝐧𝐨𝐬𝐢𝐬 (ကျောရိုးကြောလမ်းကျဉ်းခြင်း)

🔸Disc bulge / disc herniation (ခါးရိုးဆစ်အပြားဖောင်းခြင်း၊ ကျွံနေခြင်း)

🔸Leg pain (sciatica) (ခြေထောက်ထုံကျင်နာကျင်ခြင်း)

🔸လမ်းလျှောက်တဲ့အခါ ခါးနာ၊ ခြေထောက်နာခြင်း

👉 ဒီလိုလက္ခဏာတွေကြောင့် nerve ဖိမိခြင်းကိုလွတ်စေဖို့ လုပ်ပါတယ်။

🍀ယခုလိုဝေဒနာတွေပျောက်ကင်းသက်သာလာတဲ့အတွက် ကျွန်မတို့ 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 3 ဆေးရုံမှ အထူးဝမ်းမြောက်မိပါကြောင်းနှင့် 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 3 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကို ယုံကြည်စိတ်ချစွာလာရောက်ခွဲစိတ်ကုသမှုခံယူပေးခဲ့သော အန်ကယ်နှင့်မိသားစုဝင်များအာလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်