Heart Center, Phyathai 3 Hospital by Bangkok Heart Hospital

Bangkok Hospital မှ ပံ့ပိုးပေးသည့် Phyathai 3 Hospital Heart Center သည် လူကြီးများနှင့် ကလေးများအတွက် နှလုံးရောဂါဆိုင်ရာ အတွင်းဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများကို ပြည့်စုံစွာ ပေးအပ်လျက်ရှိပါသည်။ နှလုံးအထူးကုဆရာဝန်များနှင့် နှလုံးခွဲစိတ်ဆရာဝန်များကို တစ်ရက်လျှင် ၂၄ နာရီ အသင့်ရှိစေပြီး နှလုံးရောဂါလူနာများကို အထူးပြုစောင့်ရှောက်ရာတွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသော သူနာပြုအဖွဲ့လည်း ရှိပါသည်။

စင်တာတွင် ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် နည်းပညာများကို ပြည့်စုံစွာ တပ်ဆင်ထားပြီး Minimally Invasive Heart Surgery၊ Off-Pump Surgery နှင့် ခွဲစိတ်မှုမပြုလုပ်ဘဲ Device အသုံးပြု၍ နှလုံးချို့ယွင်းချက်များကို ပိတ်ပေးသည့် ကုသမှုနည်းလမ်းများကို အသုံးပြု၍ လူနာများအား ကုသပေးလျက်ရှိပါသည်။ ထိုသို့သော နည်းပညာများကြောင့် ကုသမှုရလဒ်များ ပိုမိုကောင်းမွန်လာပြီး လူနာများလည်း ပိုမိုမြန်ဆန်စွာ ပြန်လည်နာလန်ထူနိုင်ပါသည်။ ဝန်ဆောင်မှုများတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါအစောပိုင်းရှာဖွေခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် နှလုံးကျန်းမာရေးမြှင့်တင်ခြင်းတို့ ပါဝင်ပါသည်။

Heart Center, Phyathai 3 Hospital by Bangkok Heart Hospital — အရေးပေါ်ဝန်ဆောင်မှု ၂၄ နာရီ

နှလုံးရောဂါကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက်ပြင်းထန်သည့် လက္ခဏာများသည် အရေးပေါ်ကုသမှု ချက်ချင်းလိုအပ်သောကြောင့် Bangkok Heart Hospital မှ ပံ့ပိုးပေးသည့် Phyathai 3 Heart Center သည် လူနာများရှိရာ အိမ်အထိ အရေးပေါ်နှလုံးလူနာတင်ယာဉ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လူနာတင်ယာဉ်ပေါ်တွင် ဆရာဝန်များ၊ သူနာပြုများနှင့် နှလုံးရောဂါလူနာများအတွက် အထူးပြု ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများ ပါရှိပါသည်။

ဤဝန်ဆောင်မှုသည် လူနာများကို အချိန်မီ ဆေးရုံသို့ ပို့ဆောင်ကာ ချက်ချင်းကုသမှု စတင်နိုင်စေရန် ရည်ရွယ်ပါသည်။ လူနာတင်ယာဉ် ရောက်ရှိလာသည့် ပထမဆုံးအချိန်မှစ၍ ကုသမှုကို စတင်ပေးနိုင်သည့်အတွက် ဆေးရုံတွင် ကုသမှုစတင်သကဲ့သို့ ယုံကြည်စိတ်ချမှု ရရှိစေပါသည်။

ဝန်ဆောင်မှုများ

  • Cath Lab
    နှလုံးသွေးကြောများကို Catheter ဖြင့် စစ်ဆေးခြင်းနှင့် ကုသခြင်းများ ပြုလုပ်သည့် Cardiac Catheterization Laboratory ဖြစ်ပြီး နေ့စဉ် ၂၄ နာရီ ဖွင့်လှစ်ထားပါသည်။
  • Heart Imaging
    MRI၊ CT-Scan နှင့် Cath Lab စသည့် Radiology နည်းပညာများကို အသုံးပြု၍ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် အတွင်းပိုင်းအင်္ဂါများကို စစ်ဆေးခြင်းနှင့် ကုသခြင်းများ ပြုလုပ်ပေးပါသည်။
  • Heart Rehab
    နှလုံးရောဂါလူနာများအနေဖြင့် နေ့စဉ်ဘဝနှင့် အလုပ်ခွင်သို့ ပုံမှန်ပြန်လည်ဝင်ရောက်နိုင်ရန် ကူညီပေးသည့် Cardiac Rehabilitation ဝန်ဆောင်မှု ဖြစ်ပါသည်။ ၎င်းသည် လူနာများ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးပြီး Coronary Artery Disease ဖြစ်ပွားနိုင်ခြေရှိသူများတွင် အန္တရာယ်များကို လျှော့ချပေးနိုင်ပါသည်။